Wednesday, October 30, 2013

USB, Flash Drive, Hard Disk တွေကို အပြည့်အ၀ Scan ဖတ်ပေးနိုင်တဲ့ Smadav Pro 9.2.4 Full



ကွန်ပျူတာက USB, Flash Drive, Hard Disk တွေကို အပြည့်အဝ
Scan ဖတ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲကောင်းလေးပါဗျာ. Virus တွေကိုလည်း
သတ်ပေးနိုင်ပါတယ်...အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ Smadav Antivirus ဆော့ဝဲလ် လေးပဲဖြစ်ပါတယ်. ဖိုင်ဆိုဒ်သေးသေးလေးနဲ့ တော်တော် အလုပ်ဖြစ်တဲ့ဆော့ဝဲလ်လေးမို့ ဆောင်ထားသင့်ပါတယ် .. FullVersion ဖြစ်အောင် Kay လဲထည့်ပေးထားပါတယ်ဗျာ. လိုချင်ရင်တော့ အောက်ကလင့်တွေမှာဒေါင်းယူလိုက်ပါဗျာ..




DOWNLOAD

Monday, October 28, 2013

Internet Download Manager v6.18 Build 3 Full Version With Patch


 
Internet Download Manager v6.18 Build 3 Update လေး ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ Full Version သုံးလို့ရအောင် Patch ဖိုင်ပါ တင်ပေးလိုက်ပါတယ်။ Update ပဲ သုံးချင်တဲ့ သူငယ်ချင်းတွေ က အောက်ကလင့်မှာ ဒေါင်းနိုင်ပါပြီ။ အရင် ဆုံး ဆော့ဝဲ ကို ဒေါင်းပြီးရင် Antivirus ကို ခဏ ပိတ်လိုက်ပါ။ 
ဆောဝဲကို install လုပ်ပါ။ ပြီးရင် ဆောဝဲကိုမဖွင့်ပါနဲ့။ Patch ဖိုင်ကိုဖွင့်ပြီး Patch ကနေ၀င်ပြီး C / Program Files / Internet Download Manager ကိုဝင်ပြီး IDMan.exe ကို နှစ်ချက်ကလစ်ပြီး First Name, Last Name မှာ ကိုယ်ကြိုက်တဲ့ နာမည် ထည့်ပြီး OK ပေးလိုက်ရင် Full သုံးလို့ရပါပြီ။
 အောက်ကလင့်မှာ ဆောဝဲကို ဒေါင်းယူနိုင်ပါပြီ။ 
အားလုံးအဆင်ပြေပါစေ.......။

Next Launcher 3D v2.06 Apk 11MB


Next launcher အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 
  10လပိုင်း 26 ရက်နေ့ ထွက်Update လေးတင်ပေးလိုက်ပါတယ် 
Next Launcher ဟာလူကြိုက်များတဲ့ Android Theme application တစ်ခုဖြစ်ပါတယ်။ 
ဗားရှင်းအသစ်မှာ အရင်ကနဲ့မတူဘဲ အရမ်းလန်းလာတယ်ဗျာ
ယခု version မှာတော့ 3D Screen Mode ဆိုတဲ့ features အသစ်တစ်ခုပါဝင်လာပါတယ်။ ဖုန်းရဲ့ Screen ဒီဇိုင်းကို 3D Transitions/effect တွေနဲ့ပြောင်းလဲသွားစေမှာပါ။ Next Launcher နဲ့တွဲဖက်အသုံးပြုလို့ရတဲ့ အခြား Theme တွေထပ်မံထည့်သွင်းလို့လည်းရပါတယ်။
အသုံးပြုတဲ့ သူငယ်ချင်းတွေအနေနဲ့ အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် 
ကျွန်တော်ကတော့ဒါပဲသုံးတယ်
အောက်ကလိပ်စာမှာရယူနိုင်ပါတယ်ခင်ဗျာ
 

Computer နဲ့ သက်ဆိုင်တဲ့ ဝေါဟာရ အဓိပ္ပာယ်တွေကို ရှာဖွေဖို့  အဘိဓာန်ဆော့ဝဲ

ဒီဆော့ဝဲလေးကတော့ ဖုန်းထဲမှာထည့်ပီး ကွန်ပျုတာနဲ့ ပတ်သက်တဲ့ စာလုံးတွေ

အလွယ်တကူ ရှာချင်တယ်ဆိုရင် အသုံးဝင်ပါတယ် ကွန်ပျုတာ ဆိုင်ရာဝေါဟာရ

သီးသန့် ထုတ်ထားတာမလို့  ကွန်ပျုတာ အခြေခံကစပီး အသေးစိတ်သိနိုင်တယ်

အသုံးမပြုရသေးရင် အောက်ကလင့်မှာ ဒေါင်းလိုက်ပါ ။


Download - Com.Dic.apk
credit by www.zumnna.com
 

Thursday, October 24, 2013

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့် တန်းတန်း ကြည့်နည်း




မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။
မြန်မာပြည်ကနေ Youtube ဗီဒီယို သီချင်းတွေကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေး မယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ် ထားပေးမှာ ဖြစ်ပါတယ်။
အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

  http://www.youtube.com/feather_beta
အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Vtok - Gtalk Voice and Video Call (for andriod phone)





ကဲ သူငယ်ချင်းအပေါင်းတို့ရေ...။ ဂျီတော့ voice call နဲ့ video call မရတဲ့သူတွေ ဘာမှ စိတ်အားငယ်နေ စရာမလိုတော့ဘူး....။ဒီကောင်လေးကို install ပြီးတာနဲ့ gtalk sign in ၀င်ပြီးတာနဲ့ ခေါ်လို့ရပြီ....။ လက်ရှိ ကျနော်လည်း သုံးနေပါတယ်..။ ဆောဝဲလေးရတုန်း မသိသေးတဲ့ သူငယ်ချင်းအပေါင်းတို့ကို ကျနော် ပြန်ရှယ်ပေး လိုက်တာပါ....။ ဒီကောင်လေးက တော့ ဖုန်းကို root လည်း လုပ်စရာမလိုတော့ဘူး ....။install ပြီးတာနဲ့ သုံးလို့ရပြီ....။
 အောက်က လင့်မှာ ဒေါင်းယူလိုက်ပါ.....။
မူရင်း လင့်   =    http://www.torrapk.com/download/apps/Vtok/Vtok_v1.0.1.php#

မှတ်ချက်    :      အကောင့် sign in ၀င်ရင် ကို့အကောင့်ရဲ့ လိပ်စာအပြည့်စုံ ထည့်ပေးပါ...။ (ဥပမာ = waiphyonaing.tech@gmail.com)

အားလုံးအဆင်ပြေပါစေ.....။

မျက်နှာတစ်ခြမ်းပျက်နေတာကိုအစားထိုးတဲ့နည်း


လွယ်လွယ်လေးပါဗျာ 
ကဲစလိုက်ရအောင်....
အရင်ဆုံးတစ်ခြမ်းပျက်နေတဲ့ပုံကို ဖွင့်လိုက်ပါ..
ကျွန်တော့် Scan စက်ကပျက်နေလို့ ရှိတဲ့ပုံလေးနဲ့ပဲ ပြတော့မယ်နော်..
ကောင်းတဲ့အခြမ်းကို Pen tool လေးနဲ့ဖြတ်ယူလိုက်ပါ..
Pen tool ဆိုတာသံလျက် ပုံလေးနဲ့နော်


ပြီးရင် Ctrl+Enter ကိုတွဲနှိပ်လိုက်ပါ..
ပြီးရင် Select ထဲက Modify ကမှ Feather ကိုအဆင့်ဆင့်သွားလိုက်ပါ..
Box ကလေးတစ်ခုကျလာပါလိပ်မယ်..
အဲ့ဒီဘောက်ထဲမှာ 10 လို့ရိုက်ထည့်လိုက်ပါ..
အဲ့ဒါကပုံသေမရှိဘူးနော် ပုံကြီးသွားရင်ကြီးသလို ဂဏာန်းကိုများရိုက်ထည့်လိုက်ပေါ့..
ဂဏာန်းများရင်များသလို အနားကပိုဝါးသွားလိမ့်မယ်..

ပြီးရင် Ctrl+C , Ctrl+V နဲ့ Copy ပွားလိုက်ပါ...

ပြီးတော့  Edit ထဲက Transform ထဲက Flip Horizontal ကိုနှိပ်
ကျန်တာကိုတော့ကြည့်ကောင်းအောင်ညှိလိုက်ပေါ့နော်...တည့်တည့်ရိုက်ထားတဲ့
ပုံတွေဆိုပိုအဆင်ပြေပါတယ်...
ဒီနည်းလမ်းကိုသိသွားရင် ကျန်တာတွေကို အသုံးချရင်ချတတ်သလို အသုံးပြုလို့ရပါတယ်
ကဲအားလုံးပဲအဆင်ပြေကြပါစေဗျာ...
သိချင်တာများရှိရင် Cbox မှာပြောခဲ့နော်..
 

 

Wednesday, October 23, 2013

Facebook v3.8 Build 481586 Final Apk


Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက် 
22မှာ အပ်ဒိတ်ထွက်လာတဲ့   Facebook version အသစ်လေးပါ 
အသုံးပြုမယ်ဆို   အောက်မှာရယူုနိုင်ပါတယ်


Thursday, October 17, 2013

Gmail အကောင့်တွေအများကြီးဖွင့်မယ်....


gmail အကောင့်သစ်ကို အလွယ်တကူဖွင့်နိုင်တဲ့နည်းလေး
ထပ်တွေ့လာလို့ တင်ပေးလိုက်ပါတယ် ..ကျွန်တော့နည်းတော့အဟုတ်ပါဘူး
ကိုအိုင်တီမုဆိုးရဲ့နည်းလေးပါ ကျွန်တော်စမ်းသပ်တာအကောင့်(50) ကျော်သွားပါပြီ..
သိပြီးသားသူတွေကတော့ကျော်သွားလိုက်ပေါ့နော်..

ဒီနည်းလေးကတော့ ဘာWebsite ကိုမှသွားပြီး ဖုန်းနံပါတ်အတုတွေ
ယူနေစရာမလိုပဲ တော်တော်လေးလွယ်ကူပါတယ် ..




ဒါပေမယ် .. Android ဖုန်းလေးတစ်လုံးတော့ ရှိရပါမယ် ...

Andriod ဖုန်းသုံးတဲ့သူကလည်း တော်တော်များများတော့ လုပ်နိုင်ကြမယ်လို့လည်း
မျှော်လင့်ပါတယ် ...

Andriod ဆိုတဲ့နေရာမှာလည်း Android ဖုန်းတိုင်းမရပါဘူး ...

သူငယ်ချင်းတို့မှာရှိထားတဲ့ Android ဖုန်းထဲက Application တွေထဲမှာ
ရှာကြည့်လိုက်ပါ gmail ဆိုတဲ့ Application ကိုတွေ့ရင် အလုပ်ဖြစ်ပါပြီ
ဗားရှင်း 4 အောက် Android တွေမှာ သိပ်ပါလေ့မရှိသလို gmail apk ကို
Install လုပ်ပြီးစမ်းကြည့်တာလည်း ဗားရှင်း 4 အောက် Android ဖုန်းတွေမှာ
အဆင်မပြေတာကို တွေ့ရပါတယ် ...(မှတ်ချက်။ ကျွန်တော့်ဖုန်းက ဆမ်ဆောင်း GT-S6500D
2.3.6 ပါ။ စမ်းသပ်ကြည့်လို့အဆင်ပြေပါတယ်.. မူရင်းမပြင်ပဲတင်ပေးလိုက်တာပါ ကျန်တဲ့ဖုန်းတွေတော့ မသိပါဘူး...)

ကျွန်တော်ကတော့ Huawei U8950 ကိုင်ပါတယ် Version 4.0.4 ဖြစ်ပြီး gmail application
ပါပါတယ် ...

စမ်းသပ်ပြီးလုပ်ကြည့်ရသလောက်ကတော့ Android OS မဟုတ်တဲ့ဖုန်းတွေမှာ အဆင်မပြေမှုလေးတွေ
ရှိပါတယ် .. ( Handset အမြင့်ကြီးတွေတော့ လက်လှမ်းမမှီလို့ မသိပါဘူး)

ကဲ .. ကိုယ့်ဖုန်းနဲ့ကိုယ်ပဲဖြစ်ဖြစ် gmail application ပါတဲ့ Android ဖုန်းကိုင်ထားတဲ့သူငယ်ချင်းတစ်ယောက်ဆီက ခဏငှားပြီးပဲဖြစ်ဖြစ် gmail အကောင့်သစ်လေးတွေ ဖွင့်ကြည့်လိုက်ကြရအောင် ...

အရင်ဆုံး ဖုန်းရဲ့ Setting ထဲကနေ Accounts & sync ကိုသွားပါ ..






အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကိုနှိပ်လိုက်ပါ ...









sync ၀င်းဒိုးလေးတက်လာပြီဆိုရင် ဖုန်းရဲ့ menu လေးကိုနှိပ်ပြီး Remove account ကိုရွေးပါ






 နောက်တက်လာတဲ့ Box ထဲမှာလည်း Remove account ကိုပဲ ရွေးပေးပါ





ဖုန်းထဲမှာရှိနေတဲ့ gmail အကောင့်ကို remove မလုပ်ပဲ အကောင့်သစ်ဖွင့်ရင် error တက်ပြီး အကောင့်သစ် မရတာမျိုးဖြစ်တတ်လို့ပါ


ဖုန်းထဲက gmail အကောင့်ကို remove လုပ်ပြီးပြီဆိုရင်တော့ ဖုန်းထဲက gmail application ကိုဖွင့်လိုက်ပါ




အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..




အဲဒီထဲက New ကိုရွေးပေးပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်




Fast name နဲ့ Last name မှာ ကိုယ်နှစ်သက်ရာထည့်ပြီး Next ကိုနှိပ်ပါ



 နောက်ပွင့်လာတဲ့ထဲမှာ ကိုယ်လိုချင်တဲ့ email လိပ်စာကိုထည့်ပြီး Next ကိုနှိပ်ပါ







ကိုယ်ပေးလိုက်တဲ့ email လိပ်စာဟာ ရနိုင်မရနိုင်စစ်ဆေးပြီး အဆင်ပြေတယ်ဆိုရင် အောက်ကပုံအတိုင်း
ပွင့်လာပါမယ် ..





( ဒီနေရာမှာ ကိုယ်ထည့်လိုက်တဲ့ email လိပ်စာဟာ မရနိုင်ဘူးဆိုရင် ဒီအဆင့်မရောက်ခင် ၀င်းဒိုးတစ်ခုတက်လာပါဦးမယ် အဲဒီထဲမှာ သူ Suggest လုပ်ထားတဲ့ email ကိုရွေးပေးပြီး Try again ကိုနှိပ်လိုက်ရင် အခုအဆင့်ကို ရောက်လာပါလိမ့်မယ်)

အပေါ်ကအဆင့်မှာ Password နှစ်ခုတူအောင်ထည့်ပေးပြီး Next ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက Choose a security question ဆိုတာရဲ့အပေါ်မှာ နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Security question ရွေးစရာပေါ်လာပါမယ်




ကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးပြီး အဲဒီ Question ရဲ့အောက်မှာ ကိုယ်ကြိုက်တာထည့်ရေးပေးလိုက်ပါ ( အဲဒါကို မှတ်မိထားရင်တော့ ကောင်းတာပေါ့)
ဥပမာ ကျွန်တော်က Childhood best friend's name လို့ ရွေးလိုက်ပြီး Answer မှာတော့ itmsoe လို့ထည့်ပေးလိုက်ပါတယ်




ပြီးရင်တော့ Next ကို နှိပ်လိုက်ပေါ့ .. အောက်ကပုံအတိုင်းပွင့်လာပါမယ်




အဲဒီထဲက I Accept ကိုနှိပ်လိုက်ပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်




အဲဒီထဲက သူပေးထားတဲ့ စာလုံးလေးတွေကို သေချာဖတ်ပြီး မှန်အောင်ရိုက်ထည့်ပေးပါ
ပြီးရင် Next ကိုနှိပ်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်




Next ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင်တော့ နောက်တစ်ဆင့်မှာ အကောင့်ကို ခဏလောက် Sync လုပ်ပြီး အောက်ကပုံအတိုင်း ကိုယ်ဖွင့်လိုက်တဲ့  gmail အကောင့်သစ်ကို ရသွားမှာဖြစ်ပါတယ် ..




ပြီးရင် အဲဒီဝင်းဒိုးကို နောက်ပြန်မထွက်ပဲ ဖုန်းပေါ်က Home ကိုနှိပ်လိုက်ပါ ..
ပြီးရင် အပေါ်ဆုံးပုံ ၅ ပုံမှာပြထားတဲ့အတိုင်း Setting >> Account & sync ကိုသွားပြီး အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကို Remove account လုပ်ပါ .. ပြီးရင် နောက်အဆင့်တွေအတိုင်းပဲ အစအဆုံးပြန်လုပ်ရင်း နောက်ထပ် အကောင့်သစ်တွေကို အလွယ်တကူဖွင့်ယူလိုက်ပါ ...

အကောင့်ပေါင်း ဘယ်လောက်အထိဖွင့်လို့ရသလဲတော့ မသိဘူး ကျွန်တော်တော့ အကောင့် ၁၆ ခုလောက်ဆက်တိုက်လုပ်ပြီးတော့ ဖုန်း Hang သွားလို့ ဖုန်းဓာတ်ခဲကိုဖြုတ် ဖုန်းကိုပြန်ဖွင့်ပြီး Cache တွေ Junk file တွေကို ပြန်ရှင်းပစ်လိုက်ရပါတယ် ...

ဒါကြောင့် ဒီနည်းကိုသုံးပြီး အဲဒီဖုန်းထဲမှာ gmail အကောင့်ဘယ်နှခုလောက် လုပ်လို့ရတယ်ဆိုတာကို မပြောနိုင်တာခွင့်လွှတ်ပါ

ဒီနည်းကိုစမ်းသပ်ရင်းနဲ့ သေချာတဲ့အထိကျွန်တော် အကောင့်သစ်လုပ်ကြည့်တာ ဒီပို့စ်ကိုရေးတင်တဲ့အထိ အကောင့်ပေါင်း ၅၀ ကျော်နေပြီဖြစ်ပါတယ်.. သတိထားမှာကဖုန်းမျိုးစားလိုက် စာနည်းနည်းလွဲတယ်နော်(ဥပမာ- new နေရာမှာ crate)

ကဲ .. အဆင်ပြေပါစေဗျာ...
like နှိပ်ပြီးအားပေးသွားအုံးနော်...

Wednesday, October 16, 2013

TubeMate 2 YouTube Downloader v2.0.6 build 484 Apk




  TubeMate ဆိုရင်သုံးဖူးတဲ့သူတိုင်းသိကြမယ်လို့ ထင်တယ်။ ဗားရှင်းအသစ်လေးတွေ့ လို့ တင်ပေးလိုက်ပါတယ်။
  YouTube က Movie တွေကို ဒေါင်းရာမှာ အင်မတန်မြန်ဆန်တဲ့အတွက် အချိန်တိုအတွင်း
ရယူနိုင်ပါတယ်။Movie တွေကိုလည်းအရည်အသွေးအမျိုးမျိုးနဲ့ ဒေါင်းလို့ ရပါတယ်...
အောက်မှာဒေါင်းသွားလိုက်နော်....

Download>>> mirrorcreator (or) zippyshare

Tuesday, October 15, 2013

Gallery Lock. apk


ဖုန်းထဲက ဓါတ်ပုံတွေ ဗွီဒီယိုတွေကို သူများတွေမမြင်နိုင်အောင်
Password နဲ့
သိမ်းထားချင်တဲ့သူများအတွက်

Gallery Lock. apk

ဒီမှာ ဒေါင်းသွားလိုက်နော်

အဆင်ပြေပါစေဗျာ...

Popular Raintone


Adroid  အတွက်
Popular Raintone လေးတွေပါ
လိုချင်တဲ့သူငယ်ချင်းတွေ အောက်မှာဒါင်းသွားလိုက်နော်....


Sunday, October 13, 2013

www.waiphyonaing.blogspot မှာဒေါင်းနည်း

Download လုပ်မရတဲ့သူများ ဒီပို့စ်လေး ကိုတော့ ဖတ်ဖြစ်အောင်ဖတ်ပေးပါဗျာ။ ဒါဆိုရင် နားလည်သွားမှာ သေချာပါတယ်။ တော်တော်များများက skip add ခံထားတာများပါတယ်..



ပုံ(၂)
  1။  မိမိ Download လုပ်မည့် link တစ်ခုခုကို ရွေးပြီး နှိပ်လိုက်ပါ။ အခုက Solidfiles ကနေ Download လုပ်မှာဖြစ်လို့ Solidfiles ကို နှိပ်လိုက်ပါတယ်။
ပုံ(၃)
  2။  (၅)စက္ကန့်စောင့်ပေးလိုက်ပါ။ 
ပုံ(၄)
3။ Skip AD ဆိုသည့် button လေးကို နှိပ်ပေးလိုက်ပါ။
ပုံ(၅)
 Download လုပ်ဖို့ အစိမ်းရောင် Download button လေးကို နှိပ်လိုက်ပါ။
ပုံ(၅)

ကဲအခုဆိုရင် ကျနော်တို့ လိုချင်တဲ့ File ကျလာပြီ ဖြစ်လို့ Start Download ကို နှိပ်လိုက်ပါ။
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ။ 



photoshop ဖြင့်အလွယ်ကူဆုံးခဲပန်းချီဆွဲနည်း




ကဲစမယ်နော်..
တစ်ညလုံးမအိပ်ရသေးလို့ လိုရင်းပဲအမြန်သွားလိုက်တော့မယ်နော်ပုံနဲ့ရှင်းမပြတော့ဘူးအရမ်းလည်းလွယ်လို့ပါ...
အရင်ဆုံးကိုယ်ခဲပန်းချီဆွဲချင်တဲ့ပုံကို  file ထဲက open ဖွင့်လိုက်ပါ...
filter ထဲကိုသွားလိုက်ပါ..
filter ထဲကမှ Artistic  ပြီးရင် Colored Pencil အဆင့်ဆင့်ဝင်လိုက်ပါ Box တစ်ခုကျလာပါလိမ့်မယ်..
အဲ့ဒီက Colored Pencil ထဲမှာ Photocopy ကိုရွေးလိုက်ပါ..ခဲပန်းချီမဆွဲချင်လို့ဒီပြင်ဒီဇိုင်းဆွဲချင်ရင်လည်းအဲ့ဒီမှာရွေးလို့ရပါတယ်...
ပြီးတော့ Detail နဲ့ Darkness မှာ ကြိုက်သလိုချိန်ပြီးတော့ ok လိုက်ပေါ့...
အဲတစ်ခုသတိထားရမှာက ခဲပန်းချီဆိုရင်ကာလာ box ထဲမှာ အနက်ကိုရွေးထားဖို့တော့မမေ့နဲ့နော်.. ဒီပြင်အရောင်နဲ့ဆွဲချင်ရင်တော့ကြိုက်တဲ့အရောင်ကိုရွေးထားပေါ့..
အဆင်မပြေတာတွေရှိရင် Cbox ပြောခဲ့နော်
ကဲအားလုံးပဲအဆင်ပြေပါစေဗျာ...

photoshop မှာ (ဒ) ရိုက်မရတဲ့သူတွေအတွက်

မသိရင်သာခက်တာပါ..
သိသွားရင်တော့လွယ်လွယ်လေးပါ..
အောက်မှာပုံလေးတွေနဲ့တဆင့်ချင်းပုံလေးနဲ့ပြထားပါတယ်
 
အပေါ်ကပုံမှာပြထားတဲ့အတိုင်းအနီရောင်ဝိုင်းထားတဲ့ Move tool လေးကိုရွေးလိုက်ပါ..ပြီးရင် ctrl+K ကိုတွဲနှိပ်လိုက်ပါ...အောက်ပါအတိုင်း Box လေးကျလာပါလိမ့်မယ်..
Type ကိုနှိပ်လိုက်ပါ...
use smart quotes မှာအမှန်ခြစ်ကလေးဖြုတ်လိုက်ပါ..
ပြီးရင် 0k ပေါ့နော်...
ဒါပါပဲလွယ်ဘူးလားနော..

Photoshop CS_3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်း



Cs-3 ဆော့ဝဲ သုံးနေသူများအတွက်  အသုံးပြုပုံ အသေးစိတ်နဲ့   နမူနာလေ့ကျင့်ဖို့ 

လေ့ကျင့်ခန်းတွေလည်းပါပါတယ် ။ ဆော့ဝဲရှိပေမယ့်  ဘေးမှာပါတဲ့ Tools တွေကို

သဘောမပေါက်ရင် အဆင်မပြေပါဘူး အဲ့ကြောင့်  ဘယ် Tools က ဘာလုပ်ဖို့ လဲ

ဆိုတာသိဖို့ ပါ။  နမူနာလေ့ကျင့်ခန်း  လိုက်လုပ်လို့ ရတာတွေက  လိုင်စင်ပုံလုပ်ဖို့ 

ကာလာချိန်ဆပြောင်းလည်းနည်း ၊ ပန်းချီဆွဲနည်း၊ နောက်ခံဒီဇိုင်း ပြောင်းလဲနည်း

နောက်ခံကို အုတ်ကွက်နံရံ ဒီဇိုင်းထည့်နည်းအပါအ၀င် လေ့လာလို့ ကောင်းတာ

အများကြီး ရှိနေပါသေတယ် ။ Cs-3 ရှိသူများ လေ့လာ လေ့ကျင့်နိုင်ပါပြီ............။


Download ( Mediafire ) - Photoshop Cs-3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်းများ

Download ( Zippyshare ) - Photoshop Cs-3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်းများ

Download ( Minus ) - Photoshop Cs-3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်းများ

အဆင့်မြင့် Photoshop မှတ်စုများ (မြန်မာလို စာအုပ်)


PhotoShop လေ့လာနေသူများအတွက်ဒီစာအုပ်မှာ သင်ခန်းစာတွေကလည်း အတော်ကိုမြင့်တယ်၊ အခန်းပေါင်းလည်း အမျာကြီးပါဝင်တယ်။ ဖိုင်ဆိုဒ်ကကို 21MB ရှိတယ်။ အခန်းကြီး ၅ ခန်းကိုမှ အခွဲပေါင်းများစွာနဲ့ သင်ပြထားပါတယ်။ Photoshop ၀ါသနာရှင်များ Download ရယူနိုင်ကြပါပြီ

Thursday, October 10, 2013

Sky netရုပ်သံတွေကို ဖုန်းထဲကနေ free ကြည့်မယ်

sky net ကို ဖုန်းထဲကနေ ဖရီးကြည့်လို.ရနေပါပီ လိုင်းကောင်းဖို.တော့လိုတာပေါ့နော် အားကစာလိုင်းတွေပါ ကြည့်လို.ရနေတော့ အတော်အဆင်ပြေတယ်ဗျာ  ကြည့်ချင်တဲ့ သူတွေ အောက်ကလင့်မှာဒေါင်းလိုက်နော်
download >>> http://adf.ly/WVMw3

Wednesday, October 9, 2013

Android အင်တာနက်လိုင်းမြှင့်ချင်သူများအတွက် Internet Booster 1.4






Download - Internet Booster 1.4_5.apk

Internet Connection ကိုမြှင့်တင်ပေးမယ့် cFosSpeed

[clip_image001%255B5%255D.png]

cFosSpeed က Internet Accelerator ဆော့ဝဲတစ်ခုဖြစ်ပြီး အင်တာနက် အမြန်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။Upload/Download Speed ကိုလည်း မြှင့်တင်ပေးနိုင်သလို Online Video တွေကိုလည်းမထစ်ဘဲကြည့်ရှုစေနိုင်ပါတယ်။DSL, Cable, Mobile Broadband (2G/3G), WiFi စတဲ့ Connection Type အားလုံးရဲ့  Speed ကိုမြှင့်တင်ပေးနိုင်ပါတယ်။ Online Games တွေ ဆော့ရင်အဆင်ပြေစေသလို VOIP Call တွေကိုလည်း အဆင်ပြေပြေပြောနိုင်ပါတယ်။

Download cFosSpeed from Zippyshare or Tusfiles 

Blog Archive