လွယ်လွယ်လေးပါဗျာ
ကဲစလိုက်ရအောင်....
အရင်ဆုံးတစ်ခြမ်းပျက်နေတဲ့ပုံကို ဖွင့်လိုက်ပါ..
ကျွန်တော့် Scan စက်ကပျက်နေလို့ ရှိတဲ့ပုံလေးနဲ့ပဲ ပြတော့မယ်နော်..
ကောင်းတဲ့အခြမ်းကို Pen tool လေးနဲ့ဖြတ်ယူလိုက်ပါ..
Pen tool ဆိုတာသံလျက် ပုံလေးနဲ့နော်
ပြီးရင် Ctrl+Enter ကိုတွဲနှိပ်လိုက်ပါ..
ပြီးရင် Select ထဲက Modify ကမှ Feather ကိုအဆင့်ဆင့်သွားလိုက်ပါ..
Box ကလေးတစ်ခုကျလာပါလိပ်မယ်..
အဲ့ဒီဘောက်ထဲမှာ 10 လို့ရိုက်ထည့်လိုက်ပါ..
အဲ့ဒါကပုံသေမရှိဘူးနော် ပုံကြီးသွားရင်ကြီးသလို ဂဏာန်းကိုများရိုက်ထည့်လိုက်ပေါ့..
ဂဏာန်းများရင်များသလို အနားကပိုဝါးသွားလိမ့်မယ်..
ပြီးရင် Ctrl+C , Ctrl+V နဲ့ Copy ပွားလိုက်ပါ...
ပြီးတော့ Edit ထဲက Transform ထဲက Flip Horizontal ကိုနှိပ်
ကျန်တာကိုတော့ကြည့်ကောင်းအောင်ညှိလိုက်ပေါ့နော်...တည့်တည့်ရိုက်ထားတဲ့
ပုံတွေဆိုပိုအဆင်ပြေပါတယ်...
ဒီနည်းလမ်းကိုသိသွားရင် ကျန်တာတွေကို အသုံးချရင်ချတတ်သလို အသုံးပြုလို့ရပါတယ်
ကဲအားလုံးပဲအဆင်ပြေကြပါစေဗျာ...
သိချင်တာများရှိရင် Cbox မှာပြောခဲ့နော်..
No comments:
Post a Comment